
Compare Real (CMP ? R) ကလည်း အရင်ဖော်ပြခဲ့တဲ့ Compare Integer နှင့် Compare Double Integer တို့လို normal contact အဖြစ် အသုံးပြုပါတယ်။ Integer, Double Integer နဲ့ Real ဆိုပြီး Data Type ပဲ ကွာသွားပါတယ်။ ကျန်တဲ့ Comapre functionအားလုံး အတူတူပါပဲ။ IN1 နဲ့ IN2 က Compare လုပ်မယ့် ပထမ value နဲ့ ဒုတိယ value ပေါ့။
အပေါ်က Example ပုံလေးမှာ ကြည့်ပါဦး။ "Real comparison command" ကလွဲလို့ အရင်ဖော်ပြခဲ့တဲ့ Example နဲ့ ထပ်တူပါပဲ။ Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state "1" ကိုစောင့်ပြီး IN1 မှာရှိတဲ့ MD0 က IN2 မှာရှိတဲ့ MD4 real value နဲ့ compare လုပ်ပါမယ်။ Comparison လုပ်တဲ့အဖြေ True ဖြစ်ပြီးရင် I 0.2 ရဲ့ signal state "1" ကိုယူပြီး Output Q 4.0 ဟာ set ဖြစ်သွားပါမယ်။ သူရဲ့ signal state ဟာလည်း "1" ရပြီပေါ့။
အလုပ်လုပ်တဲ့ Function လေးကတော့ (I 0.0 & I 0.1 = "1" and MD0 >= MD4, and I 0.2 = "1") ပေါ့။ အဲဒီ condition တွေ အားလုံး OK ခဲ့လျှင် output Q 4.0 = "1" ပါ။
No comments:
Post a Comment