Saturday, January 23, 2010

Double Integer Comparison

ကဲ - ခုတစ်ခေါက်တော့ "Comparison Type" တွေထဲက ဒုတိယ comparison ဖြစ်တဲ့ "Compare Double Integer CMP ? D" အကြောင်း ပြောကြမယ်လေ..။ သူရဲ့ function ကလည်း Compare Integer အလုပ် လုပ်ပုံနဲ့ ထပ်တူပါပဲ။ ကွာ ခြားတာက "Integer" ကို "compare" လုပ်တာကနေ "Double Integer" ကို compare လုပ်တာလေးပါပဲ။



CMP ? D (Compare Double Integer) ကိုလည်း normal contact အဖြစ် အသုံးပြုလေ့ ရှိပါတယ်။ Program network ထဲမှာ normal contact အဖြစ် ထားသိုလို့ရတဲ့ မည်သည့်နေရာမှာမဆို ထည့်သွင်းရေးသားပါတယ်။ အရင်က ဖော်ပြပြီးသလို IN1 ဟာ compare လုပ်မယ့် ပထမ value ဖြစ်ပြီးတော့ IN2 ကတော့ ဒုတိယ value ပေါ့။
Comparison ပြုလုပ်လို့ "True" ဖြစ်ခဲ့ရင် function ရဲ့ RLO က "1" ရမှာပါ။ Program ရေးသားချိန်မှာCompare element box ကို series ပြုလုပ်ရေးသားရင် RLO နဲ့ AND logic အဖြစ် ချိတ်ဆက်နေမှာဖြစ်ပြီး parallel ပြုလုပ်ရေးသားရင် တော့ OR logic အနေနဲ့ ချိတ်ဆက်နေပါမယ်။

ဒီတစ်ခါ Example လေးမှာ ကြည့်ပါဦး။ Inputs တွေကြားမှာ compare element box လေးဖြစ်တဲ့ "Greater than or Equal" function ကို ကြားညှပ် ရေးသားထားပါတယ်။ Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state "1" ဖြစ်ပြီးတာနဲ့ IN1 က MD0 ဟာ IN2 က MD4 value နဲ့ compare လုပ်ပြီးအဖြေက True ဖြစ်ခဲ့မယ်ဆိုရင် I 0.2 ရဲ့ signal state "1" နဲ့ပေါင်းပြီး Output Q 4.0 မှာ set ဖြစ်သွားပါတယ်။ Set ဖြစ်လာတဲ့ Q 4.0 ရဲ့ signal state ဟာလည်း "1" ရရှိနေပါပြီ။

No comments:

Post a Comment