Tuesday, January 5, 2010

Bit Logic Instructions အကြောင်း

ဒီတစ်ပတ်မှာ PLC ရေးသားရာမှာ အသုံးပြုတဲ့ Logics တွေအကြောင်း ဆွေးနွေး ပေးသွား ပါမယ်။
PLC ရဲ့အခြေခံ Bit Logic မှာ ဂဏန်း ၂ လုံး two digits "1" & "0" ပါဝင် ပါတယ်။ ဂဏန်း ၂ လုံးကို အခြေခံပြီး တည်ဆောက်ထားတဲ့ အတွက် သူ့ကို Binary System လို့ခေါ်ပါတယ်။ ဂဏန်း ၂ ခု digits "1" & "0" ကို တော့ Binary digits သို့မဟုတ် Binary bits ဟုခေါ်ဆိုပါတယ်။ Digit "1" က Electrical components မှ contacts တွေ coils တွေ activated ဖြစ်ကြောင်း energized ဖြစ်ကြောင်း ညွှန်ပြပေးပြီး "0" ကတော့ deactivated ဖြစ်တာကို ညွှန်းဆိုတာပါ။
Logic Instruction မှာ ဂဏန်း digit "1" သို့မဟုတ် "0" ကို သင်္ကေတစနစ် Boolean logic ဖြင့်ဖတ်ရှုပြီး logic operation ပြုလုပ်၍ result ထုတ်ယူပါတယ်။ အဲဒီလို "1" & "0" ကို Boolean Logic ဖြင့် result ရယူခြင်းကို "RLO ( result of logic operation )" ဟုခေါ်ဆိုပါတယ်။
PLC ရဲ့ logic operation တွေမှာ အမြဲအသုံးပြုလေ့ရှိတဲ့ logic instructions တွေ ထဲက Function တစ်ချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ Instruction တစ်ခုချင်းစီရဲ့ Function တွေအကြောင်းကို သီးသန့် ထပ်မံ ရေးသား ဆွေးနွေး သွားပါမယ်။

No comments:

Post a Comment