Programmable Logic Controller (PLC) ဆိုသည်မှာ Digital Computer တစ်ခုဖြစ်သလို Central Processing Unit တစ်ခုလည်းဖြစ်ပြီး Electro-mechanical Processes တွေကို Automation အသွင် ဖြင့် ထိန်းချုပ် မောင်းနှင်ရန်အတွက် ရည်ရွယ်တီထွင်ထားတဲ့ အလွန်အသုံး ၀င်သည့် ကိရိယာ တစ်ခုပါ။ ယခုအချိန်အခါတွင် PLC ကို မြောက်များစွာ သောကုန်ထုတ် လုပ်မှု စက်ရုံများ၊ ယာဉ်ယန္တရား နှင့် စက် ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ် တပ်ဆင်သော စက်ရုံကြီးများ၊ Assembly Line များ၊ ဆောက်လုပ်ရေး လုပ်ငန်း သုံး ယန္တရားများ၊ တန်ချိန်များစွာတင်ချသော ၀န်ချီစက်ကြီးများ၊ သယ်ယူပို့ ဆောင် ရေးယာဉ်များ စသည်ဖြင့် ကဏ္ဍပေါင်းစုံ ကျယ်ပြန့်စွာ အသုံးပြု နေကြပါသည်။ အထူးသဖြင့် Motion Control, Position Control နှင့် Torque Control စနစ်များထိန်းချုပ် သည့် စက်ယန္တရားများတွင် ပိုမို၍ တွင်တွင် ကျယ်ကျယ် သုံးစွဲကြပါသည်။ General-purpose Computer များနှင့် PLC ကွာခြားချက်မှာ PLC တွင် မြောက်များစွာသော Inputs နှင့် Outputs များ အစီအစဉ် အဆင့်ဆင့်လိုက်ပါဝင် ပြီး Electrical Noise, Vibration, Impact နှင့် Temperature ranges များကို ခံနိုင်ရည်ရှိရန် ဒီဇိုင်းပြုလုပ် တည်ဆောက် ထားခြင်းဖြစ်သည်။ အလုပ်လုပ်ပုံမှာ လျှပ်စီးပတ်လမ်းကို အဖွင့်အပိတ် ပြုလုပ် ပေးသော ခလုတ်ကဲ့သို့ အတိအကျ ညွှန်ကြား သတ်မှတ်ပေးထား သောအချိန် အတွင်း PLC မှ လိုအပ်သည့် Output ကို On-Off Sequential Concept ဖြင့် ထုတ်လွှတ်ပေးခြင်း ဖြစ်ပါသည်။
PLC တွင် မိမိထိန်းချုပ်မောင်းနှင်မည့် စက်ကိရိယာယန္တရား၏ အလုပ်လုပ်ပုံ စနစ်ကို မိမိ လိုချင်သော Function အတိုင်း Control System အဖြစ် Program ရေးသား ထည့်သွင်းရပါသည်။ ရေးသား ထည့်သွင်းထားသော Program ကို PLC ထဲတွင် Battery-backed စနစ် သို့မဟုတ် Non-volatile memory ဖြင့် သိုလှောင် သိမ်းဆည်း ထားပါသည်။ PLC သည် Real Time ကို အခြေခံ သော logic controller ဖြစ်ပြီး ရရှိသော Input conditions ပေါ်မူတည်၍ Program တွင်ရေးသား ထားသည့် အတိုင်း Output များကို ထုတ်ပေးကာ စက်ယန္တရား၏ လိုအပ်သော Control System ကို ချောမောအောင် ထိန်းချုပ် မောင်းနှင်ပေးသည့် စက်ကိရိယာ တစ်ခုပင် ဖြစ်ပါသည်။
နောက်ပိုင်းမှာ PLC အတွက် လိုအပ်တဲ့ Binary logic အခြေခံနှင့် ရေးသား နည်းတွေကို အစီအစဉ် အလိုက် ဆက်လက်ရေးသား ဖော်ပြပေးသွား ပါမယ်။
No comments:
Post a Comment