CMP ? I (Compare Inter) ကို normal contact အဖြစ် အသုံးပြုလေ့ရှိပါတယ်။ Compare function ရဲ့ သင်္ကေတကို program ထဲမှာ box ပုံစံလေးနဲ့ ရေးသားပါတယ်။ သူ့ကို normal contact အနေနဲ့ ထားရှိလို့ရတဲ့ netwrok ရဲ့ ဘယ် position မှာမဆို နေရာပေးထားသို ရေးသားလေ့ ရှိပါတယ်။ အပေါ်က Table လေးမှာ ကြည့်ပါဦး။ IN1 ဟာ compare လုပ်မယ့် ပထမ value ဖြစ်ပြီး IN2 က compare လုပ်တဲ့ ဒုတိယ value ပါ။ သူတို့ဟာ မိမိရွေးချယ်အသုံးပြုတဲ့ Comparion အမျိုးအစားပေါ်မှာ မူတည်ပြီး အလုပ် လုပ်ပါတယ်။
ရွေးချယ်ထားတဲ့ Comaprison အမျိုးအစားဆိုတာ အပေါ်က Symbol မှာပြထား သလို "Equal function" သော်၎င်း၊ "Unequal function" သော်၎င်း၊ "Greater than function" သော်၎င်း၊ "Less than function" သော်၎င်း၊ "Greater than or Equal function" သော်၎င်း၊ "Less than or Equal function" သော်၎င်း တစ်ခုခု ဖြစ်နိုင်ပါတယ်။
Comparison လုပ်တဲ့ value ဟာ "True" ဖြစ်သွားရင် RLO ကလည်း "1" ရမှာပါ။ အဲဒီ RLO ဆိုတာက compare function ရဲ့ သင်္ကေတ box လေးကို program network မှာ series ပြုလုပ်ရေးသားထားရင် AND logic အဖြစ်ချိတ်ဆက် နေပြီးတော့ compare function ရဲ့ သင်္ကေတ box လေးကို parallel ပြုလုပ်ရေး သားထားမယ်ဆိုရင်တော့ OR logoc အဖြစ် program network လေးမှာချိတ် ဆက်နေပါမယ်။
Example ပုံလေးကတော့ Comparison type တွေထဲက "Greater than or Equal function" လေးကို ရွေးချယ်အသုံးပြုပြီး ရေးသားထားတဲ့ "network" လေးပါ။ Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state တပြိုင်နက် "1" ဖြစ်ပြီ ဆိုရင်တော့ IN1 မှာရှိသော MW0 တန်ဖိုးဟာ IN2 မှာရှိတဲ့ MW2 တန်ဖိုးနဲ့ Comparison မှာ ပေးထားတဲ့ command အတိုင်း နှိုင်းယှဉ်မှု ပြုလုပ်ပြီးမှန်ကန် ခဲ့လျှင် Output Q 4.0 မှာ set အဖြစ်နဲ့ "1" ကို ထုတ်ပေးပါမယ်။
ပြုလုပ်တဲ့ fucntion ပုံစံက Input (I 0.0 & I 0.1 = "1" AND MW0>=MW2) ဖြစ်ပြီး Q 4.0 = "1" ပေါ့...။
No comments:
Post a Comment