Thursday, January 7, 2010

Normally Closed Contact အကြောင်း

ဒီတစ်ခါ Bit Logic Instructions ထဲက ဒုတိယ Function ဖြစ်တဲ့ Normally Closed Contact အကြောင်းဆွေးနွေးပါမယ်။


(Normally Closed Contact) ကို ဥပမာပေးရရင် ပိတ်နေတဲ့ ခလုတ်နဲ့ အတူ တူပါပဲ။ Symbol မှာဖော်ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ သတ်မှတ်ပေးထား တဲ့ "address" မှာ "0" နဲ့ညီတဲ့အချိန် Contact ဟာ ထိကပ်ပြီး (result of logic operation) RLO value "1" ဖြစ်သွားပါတယ်။ Program မှာ ရေးသားထားတဲ့ ladder rail က Contact မှာ Power ဖြတ်စီးနေသလို အပြင်က Physical ကိရိယာရဲ့ Contact ကလည်း လျှပ်စစ် စီးဆင်းနေပါတယ်။

သတ်မှတ်ထားတဲ့ "address" ရဲ့ signal state "1" ဖြစ်သွားတဲ့အချိန် Contact Point ဟာ Activate ဖြစ်ပြီး ထိကပ်ခြင်း မရှိတော့ပဲ ကွာသွားပြီး Power စီးဆင်းမှုလည်း ရပ်သွားပါတယ်။ အပြင်က Physical ကိရိယာမှာလည်း လျှပ်စစ် စီးဆင်းမှု ရပ်တန့်သွားပါပြီ။ အဲဒီအချိန်မှာ RLO value ဟာလည်း "0" ဖြစ်နေပါ ပြီ။

Normally Closed Contact ဟာ Normally Open Contact နဲ့ သဘောတရား ချင်း ပြောင်းပြန်ဖြစ်ပါတယ်။
Normally Closed Contact ကိုလည်း RLO bit တွေနှင့် "AND logic" အဖြစ် series ချိတ်ဆက်ရေးသား နိုင်သလို "OR logic" အနေဖြင့် parallel ချိတ်ဆက် ရေးသားနိုင်ပါတယ်။

Example ပုံလေးမှာ ကြည့်ပါ။ Inputs I 0.0 နှင့် I 0.1 တို့ရဲ့ signal state "1" ဖြစ်တဲ့အချိန် (သို့မဟုတ်) I 0.2 signal state "0" ဖြစ်တဲ့အချိန်မှာ RLO value "1" ရရှိပြီး Power လျှပ်စစ်ဖြတ်သန်း စီးဆင်းသွားပါတယ်။ အခြားတနည်း အားဖြင့် Inputs I 0.0 နှင့် I 0.1 တို့ရဲ့ signal state "0" ဖြစ်တဲ့ အချိန် (သို့မဟုတ်) I 0.2 signal state "1" ဖြစ်တဲ့အချိန်မှာ RLO value "0" ရရှိပြီး Power လျှပ်စစ် စီးဆင်းမှုလည်း ရပ်တန့်သွားပါတယ်။

No comments:

Post a Comment