


သတ်မှတ်ထားတဲ့ "address" ရဲ့ signal state "0" နဲ့ညီသွားချိန်မှာ Contact point ဟာ ထိကပ်ခြင်း မရှိတော့ပဲ ကွာသွားပြီး Power စီးဆင်းမှုလည်း ရပ်သွား ပါတယ်။ အဲဒီ အချိန်မှာ RLO value ဟာလည်း "0" ဖြစ်နေပါပြီ။
Normally Open contact နှင့် RLO bit တွေကို "AND logic" အနေဖြင့် series ချိတ်ဆက်ရေးသားနိုင်သလို "OR logic" အနေဖြင့် parallel ချိတ်ဆက်ရေးသား နိုင်ပါတယ်။
Example ပုံလေးကို ကြည့်ပါ။ Inputs I 0.0 နှင့် I 0.1 တို့ရဲ့ signal state "1" ဖြစ်တဲ့အချိန် (သို့မဟုတ်) I 0.2 ရဲ့ signal state "1" ဖြစ်တဲ့အချိန်မှာ Power လျှပ်စစ် ဖြတ်သန်းစီးဆင်း သွားပါတယ်။
"I" ဆိုတာက Input ကို ကိုယ်စားပြုတာပါ။ "0.0" ကတော့ Input address ရဲ့ နံပါတ် ဖြစ်ပါတယ်။ ရှေ့က "0" ဟာ "Byte 0" ကို ဆိုလိုပြီး နောက်က "0" က တော့ "Bit 0" ကို ဆိုလိုတာပါ။ Input Address, Output Address, Bit, Byte နဲ့Word တွေ အကြောင်းကို နောက်ပိုင်းမှာ အသေးစိတ် ဆက်လက်ရေးသားပေး သွားပါမယ်။
No comments:
Post a Comment