Sunday, January 24, 2010

Real Comparison အကြောင်း

ခုတစ်ကြိမ်မှာ Comparison Type တွေထဲက နောက်တစ်ခုဖြစ်တဲ့ "Compare Real (CMP ? R)" အကြောင်း ဆက်ဆွေးနွေးကြမယ်လေ။



Compare Real (CMP ? R) ကလည်း အရင်ဖော်ပြခဲ့တဲ့ Compare Integer နှင့် Compare Double Integer တို့လို normal contact အဖြစ် အသုံးပြုပါတယ်။ Integer, Double Integer နဲ့ Real ဆိုပြီး Data Type ပဲ ကွာသွားပါတယ်။ ကျန်တဲ့ Comapre functionအားလုံး အတူတူပါပဲ။ IN1 နဲ့ IN2 က Compare လုပ်မယ့် ပထမ value နဲ့ ဒုတိယ value ပေါ့။

Comparison ပြုလုပ်ပြီး True ဖြစ်ခဲ့လျှင် RLO state က "1" ရမှာပါ။ Program ထဲမှာ element box ကိုseries လုပ်ပြီး ရေးသားထားရင် RLO နဲ့ AND logic အနေနဲ့ ချိတ်ဆက်တည်ရှိနေပြီး compare box ကို parallel ပုံချိတ်ရေးသား ထားရင်တော့ OR logic အနေနဲ့ link ဖြစ်နေမှာပါ။

အပေါ်က Example ပုံလေးမှာ ကြည့်ပါဦး။ "Real comparison command" ကလွဲလို့ အရင်ဖော်ပြခဲ့တဲ့ Example နဲ့ ထပ်တူပါပဲ။ Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state "1" ကိုစောင့်ပြီး IN1 မှာရှိတဲ့ MD0 က IN2 မှာရှိတဲ့ MD4 real value နဲ့ compare လုပ်ပါမယ်။ Comparison လုပ်တဲ့အဖြေ True ဖြစ်ပြီးရင် I 0.2 ရဲ့ signal state "1" ကိုယူပြီး Output Q 4.0 ဟာ set ဖြစ်သွားပါမယ်။ သူရဲ့ signal state ဟာလည်း "1" ရပြီပေါ့။

အလုပ်လုပ်တဲ့ Function လေးကတော့ (I 0.0 & I 0.1 = "1" and MD0 >= MD4, and I 0.2 = "1") ပေါ့။ အဲဒီ condition တွေ အားလုံး OK ခဲ့လျှင် output Q 4.0 = "1" ပါ။

Saturday, January 23, 2010

Double Integer Comparison

ကဲ - ခုတစ်ခေါက်တော့ "Comparison Type" တွေထဲက ဒုတိယ comparison ဖြစ်တဲ့ "Compare Double Integer CMP ? D" အကြောင်း ပြောကြမယ်လေ..။ သူရဲ့ function ကလည်း Compare Integer အလုပ် လုပ်ပုံနဲ့ ထပ်တူပါပဲ။ ကွာ ခြားတာက "Integer" ကို "compare" လုပ်တာကနေ "Double Integer" ကို compare လုပ်တာလေးပါပဲ။



CMP ? D (Compare Double Integer) ကိုလည်း normal contact အဖြစ် အသုံးပြုလေ့ ရှိပါတယ်။ Program network ထဲမှာ normal contact အဖြစ် ထားသိုလို့ရတဲ့ မည်သည့်နေရာမှာမဆို ထည့်သွင်းရေးသားပါတယ်။ အရင်က ဖော်ပြပြီးသလို IN1 ဟာ compare လုပ်မယ့် ပထမ value ဖြစ်ပြီးတော့ IN2 ကတော့ ဒုတိယ value ပေါ့။
Comparison ပြုလုပ်လို့ "True" ဖြစ်ခဲ့ရင် function ရဲ့ RLO က "1" ရမှာပါ။ Program ရေးသားချိန်မှာCompare element box ကို series ပြုလုပ်ရေးသားရင် RLO နဲ့ AND logic အဖြစ် ချိတ်ဆက်နေမှာဖြစ်ပြီး parallel ပြုလုပ်ရေးသားရင် တော့ OR logic အနေနဲ့ ချိတ်ဆက်နေပါမယ်။

ဒီတစ်ခါ Example လေးမှာ ကြည့်ပါဦး။ Inputs တွေကြားမှာ compare element box လေးဖြစ်တဲ့ "Greater than or Equal" function ကို ကြားညှပ် ရေးသားထားပါတယ်။ Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state "1" ဖြစ်ပြီးတာနဲ့ IN1 က MD0 ဟာ IN2 က MD4 value နဲ့ compare လုပ်ပြီးအဖြေက True ဖြစ်ခဲ့မယ်ဆိုရင် I 0.2 ရဲ့ signal state "1" နဲ့ပေါင်းပြီး Output Q 4.0 မှာ set ဖြစ်သွားပါတယ်။ Set ဖြစ်လာတဲ့ Q 4.0 ရဲ့ signal state ဟာလည်း "1" ရရှိနေပါပြီ။

Integer Comparison အကြောင်း

ဒီတစ်ခါတော့ Comparison type တွေထဲက ပထမဆုံးတစ်ခုဖြစ်တဲ့ "Compare Integer CMP ? I" အကြောင်း ပြောကြစို့ရဲ့..။


CMP ? I (Compare Inter) ကို normal contact အဖြစ် အသုံးပြုလေ့ရှိပါတယ်။ Compare function ရဲ့ သင်္ကေတကို program ထဲမှာ box ပုံစံလေးနဲ့ ရေးသားပါတယ်။ သူ့ကို normal contact အနေနဲ့ ထားရှိလို့ရတဲ့ netwrok ရဲ့ ဘယ် position မှာမဆို နေရာပေးထားသို ရေးသားလေ့ ရှိပါတယ်။ အပေါ်က Table လေးမှာ ကြည့်ပါဦး။ IN1 ဟာ compare လုပ်မယ့် ပထမ value ဖြစ်ပြီး IN2 က compare လုပ်တဲ့ ဒုတိယ value ပါ။ သူတို့ဟာ မိမိရွေးချယ်အသုံးပြုတဲ့ Comparion အမျိုးအစားပေါ်မှာ မူတည်ပြီး အလုပ် လုပ်ပါတယ်။

ရွေးချယ်ထားတဲ့ Comaprison အမျိုးအစားဆိုတာ အပေါ်က Symbol မှာပြထား သလို "Equal function" သော်၎င်း၊ "Unequal function" သော်၎င်း၊ "Greater than function" သော်၎င်း၊ "Less than function" သော်၎င်း၊ "Greater than or Equal function" သော်၎င်း၊ "Less than or Equal function" သော်၎င်း တစ်ခုခု ဖြစ်နိုင်ပါတယ်။

Comparison လုပ်တဲ့ value ဟာ "True" ဖြစ်သွားရင် RLO ကလည်း "1" ရမှာပါ။ အဲဒီ RLO ဆိုတာက compare function ရဲ့ သင်္ကေတ box လေးကို program network မှာ series ပြုလုပ်ရေးသားထားရင် AND logic အဖြစ်ချိတ်ဆက် နေပြီးတော့ compare function ရဲ့ သင်္ကေတ box လေးကို parallel ပြုလုပ်ရေး သားထားမယ်ဆိုရင်တော့ OR logoc အဖြစ် program network လေးမှာချိတ် ဆက်နေပါမယ်။

Example ပုံလေးကတော့ Comparison type တွေထဲက "Greater than or Equal function" လေးကို ရွေးချယ်အသုံးပြုပြီး ရေးသားထားတဲ့ "network" လေးပါ။ Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state တပြိုင်နက် "1" ဖြစ်ပြီ ဆိုရင်တော့ IN1 မှာရှိသော MW0 တန်ဖိုးဟာ IN2 မှာရှိတဲ့ MW2 တန်ဖိုးနဲ့ Comparison မှာ ပေးထားတဲ့ command အတိုင်း နှိုင်းယှဉ်မှု ပြုလုပ်ပြီးမှန်ကန် ခဲ့လျှင် Output Q 4.0 မှာ set အဖြစ်နဲ့ "1" ကို ထုတ်ပေးပါမယ်။

ပြုလုပ်တဲ့ fucntion ပုံစံက Input (I 0.0 & I 0.1 = "1" AND MW0>=MW2) ဖြစ်ပြီး Q 4.0 = "1" ပေါ့...။

Friday, January 22, 2010

Comparison Instructions မိတ်ဆက်

Bit Logic Instructions တွေပြောပြီးတဲ့နောက်မှာ ဆက်လက်ဆွေးနွေးဖို့ စဉ်းစား ထားတာက Comparison Instructions အကြောင်းပါ။

Comparison Instruction မှာ Input နှစ်ခုဖြစ်တဲ့ IN1 နဲ့ IN2 ဟာ မိမိရွေးချယ်အ သုံးပြုတဲ့ comparison အမျိုးအစားပေါ်မှာ မူတည်ပြီး တစ်ခုနဲ့တစ်ခု compared ပြုလုပ်တာပါ။ အောက်မှာ အသုံးများတဲ့ Comparison type တွေကို ရေးသားပေး လိုက်ပါတယ်။


1) "Equal" function
သင်္ကေတက "==" ပါ...။
IN1 is equal to IN2





2) "Not Equal" function
သင်္ကေတက "<>" ပါ...။
IN1 is not equal to IN2





3) "Greater than" function
သင်္ကေတက ">" ပါ...။
IN1 is greater than IN2






4) "Less than" function
သင်္ကေတက "<" ပါ...။
IN1 is less than IN2






5) "Greater than or Equal" function
သင်္ကေတက ">=" ပါ...။
IN1 is greater than or equal to IN2




6) "Less than or Equal" function
သင်္ကေတ က "<=" ပါ...။
IN1 is less than or equal to IN2



Comparison ရဲ့ relult ဟာ true ဖြစ်နေပြီဆိုရင် function ရဲ့ RLO သည် "1" ဖြစ်နေပါမယ်။ အဲဒီ RLO ဟာ program ထဲမှာ compare element ကို "series" အနေနဲ့ အသုံးပြုရေးသားထားရင် "AND logic" အဖြစ် program network နဲ့ link ချိတ်ဆက်နေတာပါ။ အကယ်၍ paralle အနေနဲ့ အသုံးပြု ရေးသားထားမယ်ဆို ရင်တော့ "OR logic" အဖြစ်နဲ့ Program network မှာ link ချိတ်ဆက်နေမှာပါ။


RS Reset-Set Flip Flop အကြောင်း

ကဲ ဒီတစ်ခါ RS Flip Flop လေးအကြောင်း ဆက်ပြောကြရအောင်..။ RS Flip Flop က SR Flip Flop နဲ့ အလုပ်လုပ်ပုံ ပြောင်းပြန်ပါ။

Symbol ပုံလေးမှာ ပြထားသလိုပဲ Input "R" ရဲ့ signal state "1" နဲ့ Input "S" ရဲ့ signal state "0" ရတဲ့အချိန်မှာ RS Flip Flop ဟာ reset ဖြစ်ပါမယ်။ အပြန်အ လှန်အားဖြင့် Input "R" ရဲ့ signal state ဟာ "0" ဖြစ်ပြီး Input "S" ရဲ့ signal state "1" ရတဲ့အချိန်မှာတော့ Flip Flop ဟာ set ပြန်ဖြစ်သွားပါတယ်။ အကယ်၍ Input "R" ရော "S" ရော နှစ်ခုလုံးရဲ့ signal state "1" ၀င်လာသည့် အချိန်တွင် တော့ Flip Flop ဟာ သူရဲ့ အလုပ်လုပ်ပုံ အစီအစဉ်အတိုင်း ဆောင်ရွက်ပြီး သက် ဆိုင်ရာ address က အပြောင်းအလဲ မရှိပဲ "set value" အနေနဲ့ တည်နေပါမယ်။ S (Set) နှင့် R (Reset) instructions တွေဟာ RLO value "1" ဖြစ်နေချိန်မှာသာ အလုပ်လုပ်ဆောင်ပြီး RLO တန်ဖိုး "0" ဖြစ်နေချိန် တွင်တော့ သက်ဆိုင်ရာ address ကအပြောင်းအလဲ မရှိပဲ တည်ရှိနေပါလိမ့်မယ်။

Example ပုံလေးကို ကြည့်လိုက်ပါဦး။ Input I 0.0 ရဲ့ signal state "1" နဲ့ I 0.1 signal state "0" ရချိန်မှာ "Memory bit M0.0" ဟာ "set" ဖြစ်သွားပြီး output Q 4.0 မှာ "0" အနေနဲ့ reset ဖြစ်ပါမယ်။ အခြားနည်းအားဖြင့် Input I 0.0 ရဲ့ signal state "0" နှင့် I 0.1 ရဲ့ signal state "1" ရလာသည့် အချိန်မှာတော့ Memory bit M 0.0 ဟာ set ဖြစ်သွားပြီး Output Q 4.0 မှာ "1" အနေနဲ့ set ကို ထုတ်ပေးပါတယ်။ Input နှစ်ခုစလုံးရဲ့ signal state တွေ "0" ဖြစ်နေတယ်ဆိုရင် မည်သည့်ပြောင်းလဲမှုမှ မရှိပဲ Input နှစ်ခုစလုံး အတူတူ "1" ရတဲ့အချိန်မှာတော့ Memory bit M 0.0 ဟာ set ဖြစ်သွားပြီး Output Q 4.0 မှာ "1" ကိုထုတ်ပေးပါမယ်။

Thursday, January 21, 2010

SR Set-Reset Flip Flop အကြောင်း

ဒီတစ်ခါ ပြောမယ့်ခေါင်းစဉ်လေးက SR Set-Reset Flip Flop အကြောင်းပါ။

အပေါ်က Symbol ပုံလေးကို ကြည့်ပါ။ SR Flip Flop ဟာ input "S" ရဲ့ signal state "1" နဲ့ input "R" ရဲ့ signal state "0" ဖြစ်ချိန်မှာ set ဖြစ်သွားပါတယ်။ တခြားနည်းအားဖြင့် "S" input "0" နဲ့ "R" input "1" ရချိန်မှာတော့ reset ဖြစ်သွားပါမယ်။ အကယ်၍ Inuput "S" နဲ့ "R" တို့ ရဲ့ RLO value ဟာ တပြိုင်နက် "1" ဖြစ်ခဲ့မယ်ဆိုရင်တော့ Flip Flop Function ရဲ့ အစီအစဉ်တိုင်း သက်ဆိုင်ရာ address မှာ reset အနေနဲ့ပဲ တည်နေပါလိမ့်မယ်။

S (Set) နဲ့ R (Reset) တို့ လည်ပတ်ပုံဟာ RLO value "1" ဖြစ်နေချိန်မှာသာ အလုပ် လုပ်ပါတယ်။ RLO တန်ဖိုး "0" ဖြစ်နေစဉ်မှာတော့ သက်ဆိုင်ရာ address က အပြောင်းအလဲမရှိ တည်နေပါလိမ့်မယ်။

Example ပုံလေးကို ကြည့်ပါဦး။ Input I 0.0 ရဲ့ signal state "1" နဲ့ I 0.1 ရဲ့ signal state "0" ၀င်လာခဲ့ရင် memory bit M 0.0 ဟာ set ဖြစ်သွားပြီး Output Q 4.0 "1" အနေနဲ့ ouput ရရှိပါမယ်။ ပြောင်းပြန်အားဖြင့် Input I 0.0 ရဲ့ siganl state "0" နဲ့ I 0.1 ရဲ့ singal state "1" ဖြစ်လာခဲ့ရင် memory bit M 0.0 ကို reset ရိုက်လိုက်ပြီး "Q 4.0" ရဲ့ signal state ဟာ "0" ဖြစ်သွားပါတယ်။ "Input" I 0.0 နဲ့ I 0.1 နှစ်ခုလုံးရဲ့ signal states တွေမှာ "1" ချည်းသာ ၀င်လာလျှင် memory bit M 0.0 ဟာ reset အနေနဲ့Output Q 4.0 က မပြောင်းလဲပဲ "0" အဖြစ် တည်နေပါမယ်။

Tuesday, January 19, 2010

Reset Coil Function

ဆက်ပြီးတော့ Reset Coil အကြောင်းလေး ဆွေးနွေးကြစို့။ Reset Coil ဟာ Set Coil နဲ့ ပြောင်းပြန်ပါ။



Reset Coil ဟာလည်း လက်ရှိ Instruction ရဲ့ RLO "1" ရှိချိန်မှာ coil ဆီကို power စီးဆင်းသွားပြီး အလုပ်လုပ်ပါတယ်။ RLO တန်ဖိုး "1" ရရှိချိန်မှာ သက် ဆိုင်ရာ address က activate ဖြစ်သွားပြီး "0" ကို reset လုပ်ပါတယ်။ "RLO" value "0" ဆိုရင်တော့ "coil" ဆီကို "power" စီးဆင်းခြင်းမရှိပဲ မူလအတိုင်း မပြောင်းလဲပဲ တည်နေပါတယ်။

သက်ဆိုင်ရာ Reset Coil ရဲ့ address ဟာ Timer တစ်ခုဖြစ်နိုင်သလို Counter တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ Timer ဖြစ်ခဲ့ရင် သူရဲ့ timer value ကနေ "0" အ ဖြစ် reset လုပ်မှာဖြစ်ပြီး "Counter" တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်လည်း သူရဲ့ counter value က "0" အနေနဲ့ reset လုပ်သွားမှာပါ။ Example ရဲ့ network 2 နဲ့ 3 မှာ ကြည့်လိုက်ပါ။

Network No 1 မှာဆိုရင် Input I 0.0 နဲ့ I 0.1 တို့ရဲ့ signal state "1" ရတဲ့အ ချိန် (သို့မဟုတ်) I 0.2 ရဲ့ signal state "0" ဖြစ်တဲ့ အချိန်မှာ "Output Q 4.0" ဟာ "0" အနေနဲ့ reset ဖြစ်ပါတယ်။ ကျန်တဲ့အချိန် RLO value "0" ဆိုရင် တော့ Q 4.0 ဟာ ဘာမှပြောင်းလဲမှု မရှိပဲမူလ siganl state အတိုင်း တည်ရှိနေပါမယ်။

Network No 2 မှာတော့ Reset Coil address နေရာမှာ "Timer" အသုံးပြုရေး သားထားတာပါ။ Input I 0.3 ရဲ့signal state "1" ရချိန်မှာ "Timer" စတင် run ပြီး "0" အနေနဲ့ reset လုပ်ပါတယ်။

Network No 3 မှာလည်း Rest Coil address နေရာမှာ Counter ကို ထည့်ရေး ထားပါတယ်။ Input I 0.4 ရဲ့ signal state "1" ဖြစ်ချိန်မှာတော့ "Counter" က စတင် "count" လုပ်ပြီး "count value" ပြည့်တဲ့အချိန် မှာ "0" ကို reset လုပ်သွား မှာပါ။